အိမ်ဌားလိုသူတွေအတွက် အရေးပါတဲ့ Website တွေ
Thailand, အိမ်ငှါး/ဝယ်June 18, 2024 by Shwe Network
“BahLoLo” အမျိုးများမင်္ဂလာပါ
ကျွန်တော်တို့ဆီ အမေးများတဲ့အကြောင်းအရာတွေကို မိမိဖာသာဆောင်ရွက်နိုင်စေရန် ကူညီပေးလျက်ရှိရာ အခုပြောပြမယ့်အကြောင်းအရာကတော့ ထိုင်းနိုင်ငံမှာ အခန်းဌားတာ၊ အိမ်ဌားတာ ဘယ်ကနေဌားနိုင်မလဲဖြစ်ပါတယ်။ သင်ဟာအိမ်ခန်းရှာနေသူ၊ စီစဉ်နေသူဆို ဖတ်လေ့လာကြည့်ပါ။
ထိုင်းနိုင်ငံရောက်တဲ့အခါ အိမ်ခန်းဌားဖို့ဆိုတာ ခေါင်းကိုက်တဲ့ကိစ္စတစ်ခုဖြစ်ပြီး အခန်းဌားဖို့ဝန်ဆောင်မှုတွေကိုအပ်ရတာလည်း နှစ်ဖက်စလုံးမှာ အခက်အခဲတွေရှိကြပါတယ်။ ထိုင်းနိုင်ငံမှာ အိမ်ရှင်ကိုတိုက်ရိုက်ချိတ်ထားတာတွေလည်းရှိသလို ကိုယ့်မြန်မာ Agent အများစုကချိတ်ဆက်မထားကြပါဘူး။ ဒါ့ကြောင့်ဝန်ဆောင်ခကိုတောင်းယူရာမှာ အိမ်ဌားကပဲ ပေးနေရတာဖြစ်ပါတယ်။ ဝန်ဆောင်မှုပေးသူတွေကလည်း တော်ရုံဝန်ဆောင်ခမရရင် သွားခလာခ၊ အချိန်ပေးခတွေနဲ့မို့ ဆောင်ရွက်ပေးဖို့ အခက်အခဲရှိကြပါတယ်။ ဒါဟာလည်း ဝန်ဆောင်မှုပြုသူအများစုဟာလည်း နီးစပ်ရာကိုဆောင်ရွက်ပေးရင်း အသက်မွေးဝမ်းကြောင်းပြုကြတာမို့ အပြစ်တင်လို့မရပါဘူး။
အဲ့ဒါကြောင့်မို့ မိတ်ဆွေတို့အနေနဲ့ အခုဖော်ပြမယ့် App တွေကိုအသုံးပြုပြီး ရှာဖွေမယ်ဆိုရင် အိမ်ခန်းနေရာတွေရနိုင်ပြီး ကိုယ်တိုင်ရှာဖွေ ချိတ်ဆက် ကြည့်ရှုနိုင်ပါတယ်။ ခုဖော်ပြမယ့် App တွေဟာ ကျွန်တော်တို့ကိုယ်တိုင်အသုံးပြုနေကျဖြစ်ပြီး လက်လှမ်းမှီသလောက် ဖော်ပြပေးထားတာဖြစ်လို့ အချိန်ရှိပြီး ငွေအကုန်ကျသက်သာချင်တဲ့သူတွေအတွက် အဆင်ပြေမယ်လို့ ယုံကြည်မိပါတယ်။
Rent Hub – https://www.renthub.in.th/en
အွန်လိုင်း အိမ်ခန်းရှာဖွေတဲ့ အခမဲ့ဝက်(ဘ်)ဆိုဒ် Rent Hub ဟာ ထိုင်းနိုင်ငံမှာနာမည်ကြီးပြီး အိမ်ခန်းအမျိုးမျိုးကို ကိုယ်တိုင်ရှာဖွေလိုသူ လူငယ်၊ လူရွယ်တွေနဲ့ အချိန်ကုန်ခံနိုင်သူများအတွက် သင့်တော်တဲ့ဆိုဒ်တစ်ခု ဖြစ်ပါတယ်။ ဆိုဒ်အတွင်းမှာ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ Line တွေ၊ နေရာပြမြေပုံတွေ ပါဝင်တာမို့ အခန်းရှာဖွေသူအတွက် အလွန်အဆင်ပြေပါတယ်။
Property Hub – https://propertyhub.in.th/en
အွန်လိုင်း အိမ်ခန်းရှာဖွေတဲ့ အခမဲ့ဝက်(ဘ်)ဆိုဒ် Property Hub ဟာလည်း ထိုင်းနိုင်ငံမှာနာမည်ကြီးပြီး အပေါ်ကApp နှင့် ကုမ္ပဏီအတူတူပဲဖြစ်ပါတယ်။ ဒါပေမယ့်သူကကျတော့ ကွန်ဒိုတွေ၊ အိမ်ရာတွေကို အဓိကနှစ်ရှည်၊ လရှည်ဌားရမ်းတာမျိုးတွေကို ဉီးတည်တာမို့ သင်ဟာ ဒီလိုအမျိုးအစားတိုက်တွေ၊ အိမ်တွေကိုရှာဖွေနေသူဆိုရင် သင့်တော်တဲ့ဆိုဒ်တစ်ခု ဖြစ်ပါတယ်။ ဆိုဒ်အတွင်းမှာ Rent Hub လိုပဲ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ Line တွေ၊ နေရာပြမြေပုံတွေ ပါဝင်တာမို့ အခန်းရှာဖွေသူအတွက် အလွန်အဆင်ပြေစေမှာဖြစ်ပါ။
Bangkok Rentals – https://bangkokrentals.com/
ဒီဝက်(ဘ်)ဆိုဒ်ကလည်း ကွန်ဒိုဌားရမ်းလိုသူတွေအတွက် အဓိကထားတာဖြစ်ပြီး၊ ဌားရမ်းလိုသူ၊ ပြန်အဌားချထားလိုသူတွေအတွက်ပါ အဆင်ပြေစေနိုင်ပါတယ်။ အချက်အလက်တွေဖြည့်သွင်းပေးလိုက်ပါက သက်ဆိုင်ရာ Agent ကပြန်လည်ဆက်သွယ်ရှာဖွေပေးသလို၊ ကိုယ်တိုင်လည်းတိုက်ရိုက် ချိတ်ဆက်ရှာဖွေနိုင်ပါတယ်။
.
DD Property – https://www.ddproperty.com/en
.
ဒီဝက်(ဘ်)ဆိုဒ်ကတော့ တိုက်ခန်း၊ ကွန်ဒိုဌားရမ်းလိုသူတွေအတွက် အဓိကထားတာဖြစ်ပြီး၊ ဝယ်လို၊ ဌားလိုသူတွေအတွက်ပါ အဆင်ပြေစေနိုင်ပါတယ်။ အချက်အလက်တွေဖြည့်သွင်းပေးလိုက်ပါက သက်ဆိုင်ရာ Agent ကပြန်လည်ဆက်သွယ်ရှာဖွေပေးသလို၊ ကိုယ်တိုင်လည်းတိုက်ရိုက် ချိတ်ဆက်ရှာဖွေနိုင်ပါတယ်။
Thai Apartment – https://www.thaiapartment.com/
Apartment ရှာဖွေနေသူတွေအတွက် စျေးအသက်သာဆုံးဝက်(ဘ်)ဆိုဒ်တစ်ခုဖြစ်ပြီး Thai Apartment အများစုကို စျေးသက်သာတဲ့နှုန်းထားလေးတွေနဲ့ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ အိမ်ခန်းအမျိုးမျိုးကို ကိုယ်တိုင်ရှာဖွေလိုသူ လူငယ်၊ လူရွယ်တွေနဲ့ အချိန်ကုန်ခံနိုင်သူများအတွက် သင့်တော်တဲ့ဆိုဒ်တစ်ခု ဖြစ်ပြီး ဆိုဒ်အတွင်းမှာ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ Line တွေ၊ နေရာပြမြေပုံတွေ ပါဝင်တာမို့ အခန်းရှာဖွေသူအတွက် အလွန်အဆင်ပြေပါတယ်။
အခုဖော်ပြပေးမှုအတွက် အားလုံးအဆင်ပြေစေမယ်လို့ယုံကြည်ပါတယ်။ ဒါကျွန်တော်တို့သိထားတဲ့အကြောင်းအရာတွေကို မျှဝေပေးတာဖြစ်ပြီး ကိုယ်တိုင်ရှာဖွေလိုသူတွေအတွက် ရည်ရွယ်ပါတယ်။ ကိုယ်တိုင်မရှာချင်တဲ့သူတွေအတွက်ကတော့ သက်ဆိုင်ရာယုံကြည်ရတဲ့ Agent တွေဆီဝန်ဆောင်မှုရယူကြပါ။ ကဲ…..ဒီနေ့တော့ ဒီလောက်ပဲပေါ့ခင်ဗျာ။
အလုပ်အကိုင်များအဆင်ပြေကြပါစေကြောင်းဆုမွှန်တောင်းလျက်
“ဘာပဲလိုလို … Bah Lo Lo”
နွေးထွေးစွာဖြင့်
Team BahLoLo
Crd – Bahlolo ( Facebook Page )
Related Post
မြန်မာနိုင်ငံမှာ Passport ဘယ်လိုလျှောက်ကြမလဲ ?
June 17, 2024 by Shwe Network
Leave a comment