Loading...

ဇင်းမယ် Chiang Mai က စနေနေ့ညဈေး

Thailand, အလည်အပတ်

June 23, 2024 by Shwe Network

ဇင်းမယ် Chiang Mai က စနေနေ့ညဈေး

Wua Lai Walking Street Saturday Market

==========================

🟨 Tha Phae Gateမှာ အပတ်စဥ် တနင်္ဂနွေနေ့ ညနေပိုင်းရောက်တိုင်း အလွန်စည်ကားလှတဲ့ ညဈေးကို လူတိုင်းသိကြမယ် ထင်ပါတယ်။

💫 ဒါမဲ့ စနေနေ့ ညနေရောက်တိုင်း Sunday Night Market နည်းတူစည်ကားလှတဲ့ စနေနေ့ညဈေးကို သိသူနည်းပါးလှပါတယ်။

🌟 Saturday Night Market မှာရောင်းချတဲ့ ဈေးသည်အများစုသည် Tha Phae Gate တနင်္ဂနွေ ညဈေးမှာ ရောင်းချကြတဲ့ ဈေးသည်အများစုဖြစ်ကြပါတယ်။

✨ စနေနေ့ညဈေးဟာဆိုရင် ထူးခြားတဲ့အချက်အနေနဲ့ Tha Phae Gate, Sunday Night Market မှာရောင်းချတဲ့ ဈေးတွေထက် အနည်းငယ်သက်သာပါတယ်။

🍣 ဒါ့အပြင် Saturday Market နဲ့ တဆက်ထဲဖြစ်တဲ့ Chiang Mai Gate Market အပြင်ဘက်မှာရောင်းချတဲ့ Street Foods တွေဟာဆိုရင် ဈေးအလွန်သက်သာပြီး အရသာအလွန်ကောင်းမွန်လှပါတယ်။

⚡️ ဇင်းမယ်ကိုလာမယ်ဆိုရင် နာမည်ကြီး Tha Phae Gate တနင်္ဂနွေ ညဈေးကို သွားချင်တယ် လူလည်းအရမ်းများပြီး တိုဝှေ့နေရမှာကြောက်ရင်တော့ Wua Lai Walking Street Saturday Market ကိုသွားလည်ကြည့်ဖို့ အကြံပြုလိုက်ရပါတယ်။

Location Maps – https://maps.app.goo.gl/mV99FZBcq5wVf2gz7


Leave a comment

Your email address will not be published. Required fields are marked *


Related Post