Loading...

ဘန်ကောက်မှာ MRT/BTS ရထားဘယ်လိုစီးမလဲ

Thailand, အလည်အပတ်

June 18, 2024 by Shwe Network

ဘန်ကောက်မှာ MRT/BTS ရထားဘယ်လိုစီးမလဲ

🚝 Bangkok Public Transportation 🚊 Train MRT/BTS

အမျိုးတို့ကို ဒီတစ်ခေါက် Sharing လုပ်ပေးချင်တာလေးကတော့ ဘန်ကောက်မြို့မှာ Public Transportation ကို သုံးပြီး ဘယ်လိုသွားလာလည်ပတ်မလဲဆိုတာလေးပဲဖြစ်ပါတယ်ခင်မျာ။

ဘန်ကောက်မှာ တစ်နေရာ နှင့် တစ်နေရာ သွားဖို့ အတွက် ဆိုရင် Train (မြို့ပတ်ရထား), Tuk Tuk (တုတ်တုတ်), Taxi (ကား/ဆိုင်ကယ်) တို့ကို အများဆုံးသုံးကြပါတယ်။ အဲဒီထဲကမှ သင်က ဘန်ကောက်မြို့ကြီးရဲ့ အလှတွေကို အဲကွန်းအေးအေးလေးနဲ့ သေသေချာချာလေး ပတ်ကြည့်ခံစားချင်တယ်ဆိုရင်တော့ Public Transport ထဲက တစ်ခုဖြစ်တဲ့ ရထား စီးကြည့်ဖို့လည်း အကြံပေးတယ်နော် အမျိုးတို့။

ရထားလိုင်းမှာတော့ –

🚊– BTS (Bangkok Skytrain)

🚇– MRT (Bangkok Subway)

ဆိုပြီး အဓိကကျတဲ့ Main ရထားလိုင်းနှစ်ခု ရှိတယ်ခင်မျ။ ၂၀၂၃ မှာ တော့ လိုင်း ၃ လိုင်း ထပ်တိုးလာပါတယ်။

✅ The Airport Rail Link (ARL)

✅ The Dark Red Line SRT

✅ Yellow Line MRT တို့ဖြစ်ပါတယ်။

ဘန်ကောက်မြို့ရဲ့ ရထားလိုင်း တွေက Company ပိုင်တွေဖြစ်တာကြောင့် မိမိစီးမည့်ရထားလိုင်းပေါ်မူတည်ပြီး လက်မှတ်သက်သက်စီဖြတ်စီးရမှာပါ။

BTS skytrain နှင့် MRT subway ဟာ Sukhumvit, Silom, Sathorn and Siam Square စတဲ့ ဘန်ကောက်မြို့လည်ခေါင်အချက်အချာကျတဲ့နေရာတွေနှင့် ဆက်သွယ်ပေးထားတဲ့အတွက်ဘန်ကောက်ကိုလာရောက် လည်ပတ်တဲ့ တိုးရစ်အသုံးအများဆုံး လိုင်းများဖြစ်ပါတယ်။

🚊BTS အဓိက ရထားလိုင်း နှစ်ခုရှိပါတယ်။

🚝အစိမ်းဖျေ့ာလိုင်း Light Green Sukhumvit လိုင်း – Khu Khot မှ Kheha အထိပြေးဆွဲပါတယ်။

🚝အစိမ်းရင့်လိုင်း Dark Green Silom လိုင်း – Bang Wa က နေ National Stadium အထိပြေးဆွဲပါတယ်။

🚇MRT မှာတော့ ရထားလိုင်း လေးလိုင်းရှိပါတယ်။

🚝MRT Blue Line (အပြာလိုင်း) – မြေအောက်လိုင်း Bang Sue ကနေ Lak Sang အထိပြေးဆွဲပြီး မြို့လည်ခေါင်ကျတာကြောင့် ခရီးသွားအများသဘောကျတဲ့ နေရာများစွာရှိပါတယ်။

🚝MRT Purple Line (ခရမ်းရောင်လိုင်း) – Tao Poon ကနေ Khlong Bang Phai အထိပြေးဆွဲပါတယ်။

🚝MRT Pink Line (ပန်းရောင်လိုင်း) – Nonthaburi ကနေ Minburi အထိပြေးဆွဲပါတယ်။

🚝MRT Yellow Line (အ၀ါရောင်လိုင်း) – Lat Phrao ကနေ Samrong အထိပြေးဆွဲပါတယ်။

တကယ်လို့အမျိုးတို့ သွားမည့်နေရာက ရထားပြောင်းစီးရမယ်ဆိုရင်လမ်းဆုံဘူတာတွေမှာ BTS ကနေ MRT သို့ ပြောင်းနိုင်သည် Asoke BTS / Sukhumvit MRT ၊ Sala Daeng BTS / Silom MRT ၊ Mo Chit BTS / Chatuchak MRT နှင့် Ha Yaek Lat Phrao BTS / Phahayolthin MRT စတဲ့ ရထားဘူတာတွေကနေပြောင်းလို့ရပါတယ်။

အမျိုးတို့အတွက် BTS နှင့် MRT ရထားဘူတာများ အနီး မှာလည်ပတ်လို့ရတဲ့ နေရာတွေကတော့

🧐 Grand Palace | Wat Po – Sanam Chai MRT

🧐 Wat Arun – Itsaraphap MRT

🧐 Jim Thompson House – National Stadium BTS

🧐 Lebua State Tower (Sky Bar from The Hangover movie) – Saphan Taksin BTS

🧐 Lumphini Park – Silom MRT

🧐 Khao San Road – Sanam Chai MRT (still quite a walk)

🧐 Sukhumvit 11 Party Street – Nana BTS

🧐 Soi Cowboy – Asoke BTS and Sukhumvit MRT

🧐 Soi Nana and Nana Plaza – Nana BTS

🧐 Benjakiti Park – Asoke BTS or Sukhumvit MRT

🧐 Siam Paragon and IMAX cinema – Siam BTS

🧐 Central World shopping mall – Chit Lom BTS

🧐 Emporium | Emquartier | Emsphere shopping malls – Phrom Phong BTS

🧐 Chatuchak Market – BTS Mo Chit and MRT Chatuchak

🧐 Ari district – Ari BTS

🧐 River ferries and longtail boats for Bangkok river tour – Saphan Taksin BTS

🚝BTS နှင့် MRT ရထား လက်မှတ်များကိုတော့ လက်မှတ်ရောင်းစင်တာ တွင်ဝယ်လို့ရသလို Ticket Machine ကနေလည်းဝယ်လို့ရပါတယ်။ နောက်တစ်ခုကတော့ Rabbit Card ဝယ်ပြီးတော့လည်းBTS ရထားလိုင်းများကို စီးလို့ရပါတယ်။

ခရီးစဉ်တစ်ခုချင်းစီကိုလက်မှတ်မဝယ်ချင်ဘူးဆိုရင် Station မှာရှိတဲ့ Klook Counter များတွင်Rabbit card ဝယ်ပြီး ငွေဖြည့်စီးလို့ရပါတယ်။

ကဲဒီလောက်ဆိုရင်တော့ အမျိုးတို့ ဘန်ကောက်မှာ ရထားလမ်းကြောင်းတွေကို ပုံနှင့်တစ်ကွ တွဲပြီးကြည့်တတ်လောက်ပြီထင်ပါတယ်။ ထိုင်းနိုင်ငံနှင့်ပတ်သက်ပြီး သတင်း/ဗဟုသုတများကို ဆက်လက်တင်သွားပေးမှာဖြစ်လို့ Like & Follow လေးလုပ်သွားပေးအုန်းနော်။

ကျွန်နော်တို့ “Bah Lo Lo” မှ အမျိုးတို့ ထိုင်းခရီးစဉ် နှင့် လိုအပ်သည်များကို အကောင်းဆုံး ဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ရန် ကြိုးပမ်းလျက်ရှိတဲ့အတွက်ကြောင့် ဘာပဲလိုလို “Bah Lo Lo” ကိုသတိရကြဖို့ နှိုးဆော်အပ်ပါတယ်ခင်ဗျာ။

နွေးထွေးစွာဖြင့်

BahLoLo – ဘာလိုလို

Crd- Bah Lo Lo

https://www.facebook.com/bahlolo.Thailand


Leave a comment

Your email address will not be published. Required fields are marked *


Related Post