Loading...

မြန်မာနိုင်ငံမှာ Passport ဘယ်လိုလျှောက်ကြမလဲ ?

Thailand, စာရွက်စာတမ်းများ

June 17, 2024 by Shwe Network

မြန်မာနိုင်ငံမှာ Passport ဘယ်လိုလျှောက်ကြမလဲ ?

Passport လျှောက်ဖို့ဘာတွေလိုမလဲ၊

ဘာတွေကို ပြင်ဆင်သွားရမလဲဆိုတာလေးတွေ စာမရှည်အောင် အတိုချုံးပီး ပြောပြပေးသွားပါမယ်

Passport လျှောက်မယ်ဆိုအရင်ဆုံး

ပထမဆုံးရေးကြီးတာရှိပါတယ်

#မှတ်ပုံတင် … မိမိမှတ်ပုံတင်က အရေးအကြီးဆုံးပါ မှတ်ပုံတင်ထဲမှာ နိုင်ငံသား ဖြစ်တာ ထားတော့ ဘာမျဥ်းစောင်းလဲ အရင် ကြည့်ရပါမယ် ၅/ ..လား /.. ၉/ လား အရင် သေချာမှ ဖြစ်ပါမယ် မျဥ်းစောင်း သေချာပီဆိုရင် ဘယ်မြို့နယ်မှာလုပ်ရမလဲ ခွဲခြားထားတာတွေ ကြည့်ရပါတယ်

ဥပမာ ရန်ကုန် passport ရုံးဆို တစ်နိုင်ငံလုံး က ဘယ်မျဥ်းစောင်းမဆို လက်ခံပါတယ် ကြိုက်တဲ့ မျဥ်းစောင်း ဖြစ်ပါစေ ရန်ကုန်မှာ pp လုပ်နိုင်ပါတယ်

ကိုယ်က ရန်ကုန်မဆင်းနိုင်ဘူးဆိုရင်တော့ သက်ဆိုင်ရာ မျဥ်းစောင်းပါတဲ့ ကိုယ့်မြို့နယ်က ရုံးတွေမှာ လုပ်ရပါမယ် နယ်ကျော်မရနိုင်ပါ

ဥပမာ ကိုယ်က ၅/ မှတ်ပုံတင်ကိုင်ထားတယ်ဆိုပါစို့

မန္တလေးရုံးကို သွားလုပ်လို့မရပါ ၅/ သည် စစ်ကိုင်းနယ်အတွက်ဖြစ်လို့ စစ်ကိုင်းတိုင်းရဲ့ မြို့တော်ဖြစ်တဲ့ မုံရွာမှာ သွားလုပ်ရပါတယ် ၊ ဒါမှ မဟုတ် အထက်က ပြောသလို ရန်ကုန်မှာ လုပ်နိုင်ပါတယ်။ မှားယွင်းပီး ဖောင်တင်ထားမိပီး ကိုယ်လုပ်မယ့်အလှည့်မှ ဒီရုံးမှာ လုပ်မရဘူးဆို တာဖြစ်လာရင် စောင့်ရတာဘဲ အဖတ်တင်ပါမယ်ဒါကြောင့် မှတ်ပုံတင်မှာ ဘာမျဥ်းစောင်း လဲ ဘယ်မှာတင်ရမလဲ သေချာစုံစမ်းရမယ်ရှင့်

နောက်တစ်ခုက ၁၈ နှစ်ပြည့်လဲထားရင် ပိုကောင်းပါတယ်ရှင့်

#စမတ်ကဒ်ခေါ်EID or UID ( Smart Card )

ပတ်ပို့လုပ်ရင် အရင်ကတော့စမတ်ကဒ်မတောင်းပေမယ့်ခုတောင်းတယ်လို့ပြောပါတယ် / ဘာဘဲပြောပြော ပြင်ဆင်သွားတာ ပို အဆင်ပြေပါတယ် စမတ်ကဒ်မလုပ်ရသေးရင် မြို့နယ် လဝက ကိုသွားပါ စမတ်ကဒ်လုပ်ချင်လို့ပါလို့ပြောရင် ရပါတယ် လိုအပ်တာကတော့ အိမ်ထောင်စုမူရင်း ( မိတ္ထူ ၅ စုံလောက် ဆွဲသွားပါ ) မှတ်ပုံတင်မိတ္ထူ များများစွဲခဲ့ပါ မူရင်း ယူသွားပါ။ ရပ်ကွက်ထောက်ခံစာ တစ်ခါတစ်လေ တောင်းတတ် ပါတယ်။ လိုရမယ်ရ ယူသွားပါနော် ။

အိမ်ထောင်စုကို ကြည့်ပီးတော့ အဲ့ကနေ ပီး ကိုယ့်မှတ်ပုံတင် အသစ် ပြန်လဲရင်လဲ လဲရတတ်ပါတယ် အဲ့ကနေပီး စမတ်ကဒ်လို့ခေါ်တဲ့ လက်ဗွေနှိပ်တာ ၊ မျက်စိ စကန်ဖတ်တာ ဘာညာ လုပ်ပါမယ် လက်မှတ်ထိုးခိုင်းပါမယ်၊ အဲ့ကနေ လုပ်ငန်းစဥ်ပီးရင် A4 စာရွက် တစ်ဝက်ခန့်ရှိတဲ့ စမတ်ကဒ်ခေါ် UID စာရွက်ရပါပြီ တစ်ချို့က အဲ့စာရွက်က စမတ်ကဒ်လို့ မထင်ကြဘဲ အမှုမဲ့ အမှတ်မဲ့ ထားတတ်ကြပါတယ် သတိထားပါနော် မင်မင် တို့ကတော့ အဲ့စာရွက်ကို မိတ္တူဆိုင်ယူသွားပြီးတော့ မှတ်ပုံတင် ဆိုဒ်လောက် ချုံ့ပစ်ခိုင်းပီး ပလပ်စတစ် ကဒ် လောင်းပစ်လိုက်ပါတယ်နော်… ( စမတ်ကဒ်ကို ခဏခဏမကြည့်ပါနဲ့ လန့်တတ်ပါတယ် 😂😂😂 အတည်ပြောတာနော် )/ ..

.အကယ်၍ ကိုယ့်မြို့နယ်မှာလုပ်လို့ မရခဲ့ရင် နယ်ကျော်လုပ်ခွင့်တောင်းကြည့်ပါ ရတတ်ပါတယ် ရေတော့နည်းနည်းလောင်းရတတ်တယ် 😀

အဓိကအရာတွေ သေချာပြင်ပီးရင် ဖောင်စတင်ပါ အရင်ကတော့ မိမိရဲ့မှတ်ပုံတင်အရ လုပ်လို့ရတဲ့ ရုံးတွေမှာ ကိုယ်တိုင် Name list သွားတင်လို့ရပါတယ် အဲ့ကနေ စလစ်လေးရပါတယ် ( မြို့အလိုက် ကွဲ ပြား မှုရှ်ိနိုင် )

ယခုနှစ်ထဲမှာတော့ မန္တလေးမှာ Pp တန်းစီလုကြရင်း လူ thay တာတွေ ဖြစ်ခဲတော​့ တစ်နိုင်ငံလုံးက Online နဲ့ QR booking တွေ ဖြစ်ကုန်ပြီလို့လဲကြားတယ်။

#Passport_ဖောင်စတင်ရအောင်

ဒါလေးကတော့ Online ကနေ QR booking တင်ရမယ့် link ပါ

ပထမဆုံးအဆင့်ကတော့ Website Link ထဲကိုဝင်၊ လျှောက်ထားရန်နေရာကို နှိပ်ပြီးတော့ လိုအပ်တဲ့ Information တွေကိုဖြည့်ပါ။

QR Code နဲ့ ငွေချေပြီးနောက်မှာတော့ Appointment letter ကျလာပါလိမ့်မယ်။

ကျလာတဲ့ Appointment Letter ကို Print ထုတ်ဖို့ ဒေါင်းလိုက်ပါ။ ဒါဆိုရင် Online ကနေ Booking တင်တဲ့အဆင့်ပြီးသွားပါပြီ။

မလုပ်တတ်ရင် တတ်ကျွမ်းတဲ့သူနဲ့ အတူတူ Try ကြည့်ပါတစ်ခါတစ်လေ လိုင်းကျရင် ငွေလွှဲပီးလဲ မလွှဲရသေးဘူးဘဲ ပြတတ်ပါတယ် ဖြစ်လေ့ရှိတာလေးပါရှင့်

Passport လျှောက်ထားလို့ရတဲ့ website link လေး

https://www.passport.gov.mm

ဒါဆို အရေးကြီးတာလေး ထပ်ပြောမယ်နော်

Passport ရုံးသွားတဲ့အခါ ယူသွားရမှာတွေကတော့

🖐 မှတ်ပုံတင် – မူရင်း/မိတ္ထူ ၂စောင် ( များများယူ )

🖐 အိမ်ထောင်စုစာရင်း – မူရင်း/မိတ္ထူ ၂စောင် ( ပိုယူ )

🖐 Appointment Letter – ၃ စောင် (Print)

(Appointment Letter ကို အိမ်ကနေ ကြိုဖြည့်သွားရင် ပိုကောင်းပါတယ်။)

🖐 ကိုယ်ရေးမှတ်တမ်းဖောင် – ၂ စောင် (Print)

( ကိုယ်ရေးမှတ်တမ်းဖောင်ဆိုတာ မိသားစုအကြောင်းကအစ အသေးစိတ်ရေးခိုင်းတဲ့ ဖောင်လေးပါ ရုံးမှရေးရင် စဥ်းစားမရဘဲနေမယ် gp တွေထဲမှာ နမူနာလေးတောင်းပီး အိမ်မှတည်းက ကြိုဖြည့်သွားလိုက်ပါ ဟိုကျရင် တန်းကူးရေးရုံဘဲ အမှားနည်းတာပေါ့ )

စလစ်တင်ပီး သတ်မှတ်မိမိနာမည်ပါတဲ့ရက်ချိန်ကျပြီဆိုရင် ရုံးသွားပါ

ရုံးဝင်ပေါက်ရောက်ပြီဆိုတာနဲ့ – Online Booking တင်တုန်းက ကျလာတဲ့ QR Scan နဲ့မှတ်ပုံတင်မူရင်းပြပြိး ဝင်လို့ရပါတယ်။

ရုံးထဲကိုရောက်တာနဲ့ ကိုယ်ရေးမှတ်တမ်းဖောင်ကို

လဝကတံဆိပ်တုံး သွားထုရပါမယ်။ (တံဆိပ်တုံးထုဖို့ မေ့ပြီးတန်းစီရင် အစကနေ ပြန်ပြီး တန်းစီရတာမလို့ ဒီအဆင့်အရေးကြီးပါတယ်)

အပြင်ကနေ Print ထုတ်ပီး ဖြည့်ထားတဲ့ဖောင်ကို သူတို့ပေးတဲ့ တံဆိပ်တုံး ပါပြီးသားဖောင်မှာ ကူးရေးလိုက်ပီး ထပ်ပါ နာမည်ခေါ်တာ သေချာနားထောင်ပီးစောင့်ပါနော် မကြားလိုက်ရင် နောက်ဆူံးရောက်မှာပါ သတိလေးနဲ့ နားစွင့်ထားနော်

👍👍👍👍 Passport ရုံးတစ်ခုနဲ့တစ်ခုရဲ့ process ကတော့ကွဲဲ ပြားနိုင်ပါတယ် ( လိုအပ်တာတွေ လုပ်ဆောင်ရမယ့်အဆင့်တွေကတော့ အတူတူဘဲနော် )

ကဲ… ကိုယ့်နာမည်ခေါ်ပြီ…. Passport စလုပ်ရပါပီ

အရင်ဆုံး လဝက ဝင်ရပါမယ် /

🖐🖐🖐လဝကမှာ .. မှတ်ပုံတင် မူရင်း နဲ့ အိမ်ထောင်စု မူရင်း အရင်တောင်းပါမယ် ပြီးရင် မှန်မမှန် အဲ့နှစ်ခုက စကန်ဖတ်ပီး EID စစ်ပါမယ် အဲ့အဆင်မှာ EID မတူရင် ပြန်လွှတ်ပါတယ်နော်။ ပြီးရင် မှတ်ပုံတင်ထဲက ကိုယ့်ပုံကို အပြင်ပုံနဲ့ တိုက်စစ်ပါတယ် ရပြီဆိုရင် သူတို့တောင်းတဲ့ copy တွေပေးလိုက်ပါ။

(… သတိပေးချက်… မိမိအနေနဲ့ အိမ်ထောင်စု မူရင်း မပြနိုင်တာ / ပျက်စီးသွားတာ ဖြစ်ခဲ့ရင် အဲ့အဆင့်မှာတင် ပြန်လွှတ်ပါတယ်နော် အကောင်းဆုံးက ညှိပါ အရာရှိကို ငွေပေးခိုင်းတာမဟုတ်ပါဘူးနော် တတ်နိုင်သမျှ ကိုယ့်ဘက်က အမျိုးမျိုးပြောပြပါ …တစ်ယောက်မြင်ခဲ့ပါတယ် မီးလောင်ပီးပျက်စီးသွားတ. ကော်ပီဘဲ ကျန်ပါတယ် ဒါပေမယ့် ဖုန်းထဲမှာ မူရင်း ရှိနေတော့ အရာရှိက တိုက်စစ်ကြည့်တာ အဆ​​င်ပြေသွားပါတယ်နော် )

မှတ်ပုံတင် ၁၈ ပြည့်လဲပီးသားဖြစ်ရမယ် / ညှိမရဘူးနော် သတိထားပါ။

ပြီးရင် နောက်ကောင်တာတစ်ခုကနေ သူတို့ သွားဆိုတဲ့ဆီသွားတင်လိုက်ရုံပါဘဲ…. ဖောင်ထပ်ရတာပါ

အဲ့ဒါ Passport စရိုက်တော့မှာဖြစ်ပါတယ်

ဖောင်ထပ်ပီးတာနဲ့ ဓာတ်ပုံရိုက်ရမယ့်နေရာမှာ ပုံရိုက် နံပါတ်စဥ်ကို လက်ဝါးပေါ်ရေစမှတ်ထား…

အတွင်းခန်းက ကိုယ့်နာမည်ခေါ်တာနဲ့ စလုပ်ပါပီ Passport ကို.. အရာရှိက Pp type မေးပါတယ်…

မဖတ်ရသေးရင် ဒီမှာ ဖတ်ပါ 👇👇👇👇

https://www.facebook.com/share/p/GKCsVMMc2ek45zCX/?mibextid=oFDknk

မိမိနဲ့ ကိုက်ညီမယ့် Pp သာရွေးပြောလိုက်ပါ

အကြံပေးချင်တာတော့ PV က မြန်ပါတယ်ရှင့်

PJ ဆိုရင် အလုပ်ထောက်ခံစာ/ ခေါ်စာ တောင်းပါတယ်

ကျောင်းတက်မယ်ဘာညာဆိုလဲ တက်မယ့်ကျောင်း ခေါ်စာ ဘာညာ တောင်းပါတယ်နော်

ခုဏဟာပြန်ဆက်ရအောင်… အတွင်းခန်းက ကိုယ့်နာမည်ခေါ်ရင် သွားပါ, အရာရှိက Pp type ရွေးပေး ပီးရင်

လက်ဆယ်ချောင်းလုံးကို လက်ဗွေနှိပ်

မျက်လုံး စကန် ဖတ်ပြီး/ လက်မှတ်ထိုးရပါတယ်။ အားလုံးပြီးသွားရင်တော့ Print ထုတ်ထားတဲ့ စလစ် ပေးပါလိမ့်မယ်။

စလစ်မှာပါတဲ့ ရက်ချိန်းနဲ့ အချက်အလက်တွေကို သေချာစစ်ပါ။ မှားနေရင် ပြင်ဖို့ပြောပါ။

( မှားတတ်ပါတယ် အစက်လေး တစ်စက်မှ အမှားမခံပါနဲ့နော် )

သတ်မှတ်ထားတဲ့ရက်ချိန်းမှာ အဲဒီ စလစ်နဲ့ Passport စာအုပ်ထုတ်နိုင်ပါပြီ။

ပြီးရင် လည်ချင်တဲ့ဆီ လည်လို့ရပါပီ 😁😁😁😁

ပြန်ပြောမယ်နော်

မှတ်ပုံတင်မူရင်း (18လဲပီးသား ) / အိမ်ထောင်စုမူရင်း / စမတ်ကဒ် / ထောက်ခံစာ ( လိုအပ်နိုင် ) / ရက်ချိန်းစလစ် / Passport type ( လေ့လာရန် )/ ငွေ😁😁😁

ဒါတွေကတော့ မြန်မာမှာ Pasaport လုပ်ရင် ပြင်ဆင်ရမယ့်ဟာတွေနဲ့ အသေးစိတ်လေးတွေပါ နေရာအလိုက် ကွဲ ပြားမှုရှိနိုင်ပေမယ့် အတူတူဘဲနော်… အဆ​င်​​ပြေ ကြပါစေ 🙏🙏🙏

crd – Bangkok Now ( Facebook Page )

https://www.facebook.com/story.php?story_fbid=122106004172356722&id=61560701675513&mibextid=WC7FNe&rdid=h72BHb8XvYAVDrdn


Leave a comment

Your email address will not be published. Required fields are marked *


Related Post