Loading...

အလည်အပတ် Tourist Visa နှင့် (14) ရက် Free Visa များ E-Extension ကိုယ်တိုင်လျောက်နည်း

Thailand, ဗီဇာ

June 18, 2024 by Shwe Network

အလည်အပတ် Tourist Visa နှင့် (14) ရက် Free Visa များ E-Extension ကိုယ်တိုင်လျောက်နည်း


🙏အားလုံးပဲ မင်္ဂလာပါ ခင်မျာ🙏

အခုတစ်လော Tourist Visa နှင့် 14 Days free Visa သက်တမ်း ဘယ်လိုတိုးရမလဲဆိုပြီး အမေးများနေလို့ အမျိုးတို့ကို ဗီဇာ သက်တမ်း တိုးနည်းလေး သိထားသလောက် မျှ‌ဝေပေးချင်ပါတယ်။

✅ဗီဇာ သက်တမ်းတိုးမယ်ဆို သံရုံးကိုကိုယ်တိုင်သွားပြီး တိုကင်ယူသက်တမ်းတိုးတဲ့နည်း နှင့်
✅E-Extension Service လို့ခေါ်တဲ့ အွန်လိုင်းကနေ စာရွက်စာတမ်းကြိုတင်ထားပြီး Appointment ရတဲ့နေ့မှာ တစ်ခါတည်းတုံးသွားထုတဲ့နည်း ဖြစ်ပါတယ်။

🚩E extension ကို ဘယ်လိုလျောက်ပြီး Appointment ဘယ်လိုယူရမလဲ?

သက်တမ်းတိုးတဲ့အခါ သင်ဟာ ရက် (၃၀) တုံးထုသည့်နေ့မှစ ရမည်ဖြစ်ပြီး အများဆုံး (၃) ကြိမ်လောက်သာတိုး လို့ အဆင်ပြေပါတယ်။ သက်တမ်းတိုးရမည့် ရုံးကတော့ Bangkok Government Complex – 3rd Floor မှာတိုးရမှာပါ။ E extension ယူတာ အရမ်းအခက်ခဲပင်မယ့် စာရွက်စာတမ်း ပြည့်စုံဖို့တော့ သေချာလုပ်ရပါမယ်။

📂လိုအပ်တဲ့ စာရွက်စာတမ်းတွေက? (PDF or JPG)

✅1 – ပတ်စပို့ (Personal Detail Page)
✅2 – ပတ်စပို့ (Cover Page)
✅3 – အဝင်တုံး စာမျက်နှာ + Visa Page
✅4 – သံရုံးထောက်ခံစာ :PDF or JPG (မြန်မာသံရုံးမှာ သွားကြိုယူရပါမယ်)
✅5 – ဓာတ်ပုံ 4*6 cm
✅6 – ဗီဇာကြေး 2400 (Appointment – 7 Days)

(မှတ်ချက်။ မိမိ ရဲ့ ဗီဇာ မကုန်ခင် (၇) ရက် တစ်ပတ် လောက် Appointment ကြိုယူရပါမယ်။)

⌛️Appointment ယူရန်အတွက် –

✅ဒီ https://thaiextension.vfsevisa.com/ ကိုသွားရမှာဖြစ်ပြီး အဆင့်ဆင့် ပြုလုပ်ပြီး ငွေပေးချေတဲ့အဆင့်အထိ လုပ်ဆောင်ရပါမယ်။
✅လိုအပ်သော အချက်အလက်များနှင့် ဖိုင်တွဲများ အားလုံးကို ဖြည့်သွင်းပြီးနောက်၊ သင့်ပတ်စပို့တွင် E-Extension ဗီဇာတံဆိပ်တုံးရယူမည့်ရက်ကို ရွေးချယ် ရက်ချိန်းယူရပါမယ်။
✅အားလုံးပြည့်စုံပြီဆိုရင် Appointment ယူတဲ့ရက်ကို Email ကနေ တစ်ဆင့် PDF ဖိုင် နှင့် ပြန်ပို့လာပါလိမ့်မယ်။
✅ရလာတဲ့ PDF ဖိုင်ကို Print out ထုတ်ပြီး ဓာတ်ပုံကပ်၊ လက်မှတ်တွေထိုးပြီး Government Complex 3rd floor VIP lounge မှာ Appointment ရတဲ့နေ့ သွားရောက် သက်တမ်းတိုးရပါမယ်။

💳ဘယ်လောက် ကုန်ကျမလဲ?

👌Visa Fees and Immigration Service Fees
👌ဗီဇာကြေး – 1900 THB
Immigration Services Fees (၃) မျိုးရှိပါတယ်
✅ Regular Service (7 ရက်အတွင်း appointment) : 1900+500 THB
✅ Express Service (3 ရက်အတွင်း appointment) : 1900+1500 THB
✅ Super Urgent (next day appointment): 1900+5000 THB
(မှတ်ချက်။ ဒီကုန်ကျမှုဟာ ထိုင်း Immigration ကိုသွင်းရတာတွေဖြစ်ပါတယ်။)

🎯Visa သက်တမ်းတိုးခြင်းများအတွက်ဆောင်ရန်ရှောင်ရန်များ

✅မနက်ခင်း စောစောသွားလုပ်ဆောင်ပါ
✅Form လျှောက်လွှာကို ကြိုတင်ဖြည့်သွင်းထားပါ
✅မိတ္တူကူးစရာများကို ကြိုတင်ကူးယူထားပါ
✅စာွက်တိုင်းကို လက်မှတ်ထိုးထားပါ
✅၀တ်စားဆင်ရင်မှုမှာ ဘောင်းဘီအတို၊ လက်တလုံးအကျီများ၊ စကပ်အတိုများ ရှောင်ကြဉ်ပါ
✅အချက်အလက်များကို မှန်မှန်ကန်ကန်ဖြည့်စွက်ပါ
✅အရာရှိများနဲ့တွေ့ဆုံရတဲ့အခါ ရိုကျိုးပါ၊ နှုတ်ဆက်ပါ၊ မေးမြန်းမှုများကို သေချာ ဖြေးဖြေးရှင်းပြပါ

⛳ Immigration ရုံးတည်နေရာက ဘယ်မှာလဲ?

ဒီမြေပုံလေးကို ထောက်ပြီးသွားလိုက်ရင်ရပါပြီ။ ကား၊ဆိုင်ကယ်ဌားမယ်ဆိုရင်လည်း Government Complex B, Chanwatana လို့ပြောလို့ရပါတယ်။ (နောက်တစ်နေရာကတော့ IT Square မှာလည်းတိုးလို့ရပါတယ်။) https://maps.app.goo.gl/XwU2Cz6GYPhr2jQD8

ကဲဒီလောက်ဆိုရင်အမျိုးတို့လည်း ဗီဇာသက်တမ်း ဘယ်လိုတိုးရမလဲ နားလည်လောက်ပြီထင်ပါတယ်။ တကယ်လို အမျိုး အသေးစိတ်စုံစမ်းချင်တာပဲဖြစ်ဖြစ်၊ အချိန်မပေးနိုင်လို့ ၀န်ဆောင်မှုရယူချင်တာများအတွက် ကျွန်တော်တို့ BahLoLo – Page Messenger မှတဆင့်စုံစမ်းမေးမြန်းနိုင်ပါတယ်။

အမျိုးတို့အတွက် ဒီလိုဗဟုသုတရဖွယ်အကြောင်းအရာတွေ အမြဲတင်ပေးနေမှာမို့ ကျွန်တော်တို့ Page လေးကို Like & Follow ‌လုပ်ပေးထားကြဖို့လည်း တိုက်တွန်းအပ်ပါတယ်ခင်ဗျ။

အမျိုးတို့အားလုံးအတွက် ….. ဘာပဲလိုလို “Bah Lo Lo”

နွေးထွေးစွာဖြင့်
BahLoLo – ဘာလိုလို

Crd – Bah lo lo

https://www.facebook.com/bahlolo.Thailand


Leave a comment

Your email address will not be published. Required fields are marked *


Related Post