ဘန်ကောက်ကနေ အသွားအပြန် ၁၂၂ ဘတ်ပဲ ပေးရတဲ့ ရထားနဲ့ Khao Yai ( ခေါက်ရိုင် ) ကိုဘယ်လိုသွားမလဲ?
Thailand, အလည်အပတ်June 18, 2024 by Shwe Network
KHAO YAI | เขาใหญ่ | ไปเที่ยวกันไหม?
ဒီတစ်ခေါက်တော့ ကျွန်တော်တို့summer semester break တုန်း သူငယ်ချင်းတွေနဲ့ Khao Yai ကို ၂ညအိပ် ၃ရက်, ရထား နဲ့သွားဖြစ်တာပါ transportation အတွက်budget လဲအများကြီးမသုံးချင်ဘူး busတွေ vanတွေနဲ့သွားရတာလဲ ငြီးငွေ့တဲ့သူတွေအတွက် ရထားနဲ့ဘယ်လိုသွားရလဲ ခေါက်ရိုင်မှာကော ဘယ်နေရာတွေလည်သင့်သလဲ ဆိုတာ တစ်ပုံချင်းစီရေးပေးထားပါတယ်ဗျ!
Rangsit Station/ Bang Sue Grand Station ( Long Distance Train Stations)
– ရထားလတ်မှတ်က သွားမယ့်အချိန် တစ်ခါတည်း walk in ဝယ်လို့ရပေမဲ့ လတ်မှတ် မရမှာဆိုးလို့ သွားမယ့်ရက် မတိုင်ခင် တစ်ရက်ကြိုဝယ်ထားတာကောင်းပါတယ် သာမာန်မီးရထားမို့ လတ်မှတ်ကတော့ Rangsit Station ဒါမှမဟုတ် Bang Sue Station ကိုယ်နဲ့နီးတဲ့နေရာကနေဝယ်လို့ရပါတယ် Long Distance မီးရထားလတ်မှတ်မို့ ဒီstationတွေမှာပဲဝယ်လို့ရတာပါ Khao Yai သွားမှာမို့ PakChong(ပတ်ချောန်)ဆိုတဲ့ Station မှာ ဆင်းရမှာပါ လတ်မှတ်ဝယ်ရင် RangsitPak Chong လတ်မှတ်ဝယ်ရမယ်ဗျ လတ်မှတ်ခက တစ်ယောက်ကို အသွား ၆၁ဘတ်/အပြန်၆၁ဘတ်ပါ ခရီးလိုက်မယ့် သူတွေရဲ့ passport ပုံပြရပါတယ် အပြန်ကတော့ မဝယ်ထားသေးဘဲ ပြန်ခါနီးမှ Pak Chong Stationမှာ ဝယ်လို့ရပါတယ်ဗျ ရထားကြာချိန်ကတော့ ၃ခွဲ/၄နာရီဝန်းကျင်လောက်စီးရတယ်ဗျ မနက်အစောဆုံးရထားကိုစီးရင် ပိုကောင်းပါတယ်
ရထားနဲ့သွားတာက အရမ်းတန်တယ် တစ်လမ်းလုံး စိမ်းစိမ်းစိုစိုလယ်ကွင်းတွေ/တောင်တန်းတွေ အများကြီးတွေ့ရတာ စိတ်ကို လန်းဆန်းသွားတာပဲ ရှုခင်းတွေ တကယ်လှတာ ရထားက ကြားထဲမှာ Saraburiတို့ Nakhon Ratchasima မြို့နားလေးတွေဖြတ်သွားသေးတယ် ဘန်ကောက်မှာပဲနေတာကြာတော့ ဒီလိုနေရာတွေ သဘာဝရှူခင်းတွေမမြင်ရတာကြာပြီ
Pak Chong Station
-၃နာရီခွဲကျော်ကျော်လောက်စီးပြီးရင် pak chong stationကိုရောက်ပြီ ကျွန်တော်တို့တည်းတဲ့ hostel က ရထားဂိတ်နားပဲတည်းတာမို့ ၅မိနစ်လောက် ဟိုတယ်ကိုလမ်းလျောက်သွားလိုက်တာနဲ့ရောက်ပြီ တစ်ခြားနေရာတွေကျ ဝေးတာရယ် ရထားနဲ့လာတာဆိုတော့ ဟိုတယ်ကိုပြန်သွားဖို့ transportation မစဉ်းစားချင်လို့ အနီးအနားပဲတည်းဖြစ်လိုက်တာ
-ဟိုတယ်ကိုလမ်းလျှောက်သွား check in ဝင်အထုပ်တွေဟိုတယ်မှာအပ်ပြီး Khao Yai ဘက်ကိုလည်ဖို့ဆိုင်ကယ်ငှါးရပါတယ် ဆိုင်ကယ်ငှါးလို့ရတဲ့နေရာ အများကြီးရှိပေမဲ့ ကျွန်တော်တို့ ဒီဆိုင်ကိုရွေးလိုက်တာ ၂ရက်ငှါးတာ ပုံမှန်ဆို တစ်ရက် တစ်စီး ၃၀၀ / ကျွန်တော်တို့က ၅စီးငှါးတော့ ဆိုင်ရှင်က ၅၀၀ လျှော့ပေးတယ် ငှါးငှါးချင်း ဆိုင်ကယ်တွေကို ဆီလိုက်ဖြည့်ပေးပါတယ် ဒါမဲ့ ပြန်ခါနီး ဆိုင်ကယ်ပြန်အပ်ရင် ဆိုင်ကယ်ကိုဆီအပြည့်ပြန်ထည့်ပေးရပါတယ် ကျေးဇူးတင်ပါတယ်လို့
Pakchong Center Hostel
-ဒီhostelကို Agoda.com ကနေပဲ ဘိုကင်တင်လိုက်တာ ဟိုတယ်လေးက မဆိုးဘူး ရထားဂိတ်နဲ့လဲနီးတယ် မျက်နှာချင်းဆိုင်မှာလဲ Night Marketရှိတယ် အစားအသောက်နေရာတွေနဲ့လဲ မဝေးတော့ တည်းဖြစ်လိုက်တာအစက ခရီးလိုက်မယ့်သူ ၈ယောက်ပဲဆိုတော့ ၄ခန်းပဲ ဘိုကင်တင်လိုက်တာ ပြီးမှ နှစ်ယောက်တိုးလာလို့ extra bed ထိုးလိုက်ရတယ် extra bedကတစ်ယောက်ကို တစ်ရက်၄၀၀ပါ taxဘာညာနဲ့ ဆိုရင် ၈ယောက်စာ ၂ညအိပ် ၄ခန်းကို 6614.23ဘတ်ကျပါတယ် ဟိုတယ်ခက လိုက်တဲ့သူ၁၀ယောက်လုံးနဲ့ ကျသင့်ငွေကို divided by လုပ်လိုက်တာ ၂ညအိပ်ကို တစ်ယောက်ကို ၈၂၁ဘတ် ဝန်းကျင်ပဲကျပါတယ် ဒါမဲ့ breakfast ပါတယ်မှတ်တာ ဟိုရောက်မှ ကြည့်တာ မပါဘူးဆိုလို့ ၁၀ယောက်လုံး ဟိုတယ်ကကျွေးတဲ့ မနက်စာ မစားခဲ့ရပါ
Hokkaido Flower Park KhaoYai
FB : Hokkaido Flower Park KhaoYai
-ဒီနေရာက သူတို့ပန်းတွေပွင့်တဲ့အချိန်မှ လှမယ်ထင်တယ် ဆိုင်ကယ်နဲ့၃၀မိနစ်လောက်တော့ မောင်းလိုက်ရတယ် ရောက်တော့ပန်းတွေက ခြေသလုံးလောက်ပဲရှိလို့ မဝင်ခဲ့တာ တစ်ယောက်ကို ဝင်ကြေးကလဲ ၁၀၀ကျော်ဆိုတော့ ပန်းတွေလဲ မပွင့်သေးတာနဲ့မဝင်ခဲ့တာ ပန်းတွေပွင့်ရင်တော့ ပုံရိုက်လို့လှလောက်တယ် ပုံထဲမှာသာကြည့် အောက်ဆုံးထောင့်ကပုံက ကျွန်တော််ရိုက်လာတာရယ် ကျန်တဲ့ပုံတွေက သူများပုံတွေ
Monogram Cafe KhaoYai
IG : @monogram.khaoyai
-ပုံရိုက်လို့အလှဆုံးပဲ တစ်ယောက်ကိုဝင်ကြေး ၅၀ဘတ်ပေးရတယ် အဲ့၅၀ဘတ်လတ်မှတ်နဲ့ ကော်ဖီဆိုင်ထဲမှာ ကော်ဖီပြန်လဲသောက်လို့ရပါတယ် အများစုကတော့ ပုံရိုက်ဖို့သွားကြတာ နေရာက ပုံရိုက်လို့တကယ်လှတယ် အကျယ်ကြီးပဲဆိုင်ကြီးက Instagramic spot တွေလဲအများကြီး ခေါက်ရိုင်ရောက်ရင်တော့ ရောက်အောင်သွားသင့်တယ် လေလဲတစ်ဖြူးဖြူးနဲ့
Toscana Khao Yai
IG : @toscanavalley
-သူကကျ Europe ဆန်ဆန်နေရာလေး တောင်စောင်းလေးမှာ တည်ထားတဲ့မြို့လိုပဲ သူငယ်ချင်းdigital cameraယူလာလို့ သူ့ကင်မရာနဲ့ရိုက်တာ တကယ်လှ
အမှန်တော့အဲ့နေရာက Hotel&Resort/ အဲ့မှာမှ စားသောက်ဆိုင်တို့ ဘာတို့ဖွင့်ထားတာ သွားချင်ရင်တော့ အဲ့က ဆိုင်တစ်ဆိုင်မှာ ကော်ဖီလာသောက်မလို့ဆိုပြီး ဘိုကင်ယူပြီးသွားတာပိုကောင်းပါတယ် ဒါဆို သူတို့အထဲကိုဝင်ဖို့ကားနဲ့လာကြိုပေးတယ်အထဲရောက်မှ ၂/၃ခွက်လောက်ပဲသောက်လဲအဆင်ပြေပါတယ်
Primo Piazza
IG : @primopiazza
-ဒီနေရာက ခေါက်ရိုင်သွားတဲ့သူတော်တော်များများရောက်ကြတဲ့နေရာပါ သူကကျ သိုးလေးတွေ ဆိတ်လေးတွေ နွားလေးတွေအစာကျွေး ပုံလေးတွေရိုက်ပေါ့ အထဲမှာ castle လိုအဆောက်အဦးတွေလဲရှိတယ် ပုံရိုက်လို့လှတာပေါ့ ရေခဲမုန့်ဆိုင်ကော်ဖီဆိုင်လေးတွေရောရှိတယ် ပုံထဲမှာ ရေးထားသလို ဝင်ကြေးက နိုင်ငံခြားသားဆို ၂၀၀ဘတ် ထိုင်းလူမျိုးဆို ၁၀၀ဘတ်ပါ ကျွန်တော်တို့အဖွဲ့က ကျောင်းသားလဲဖြစ် ထိုင်းလိုပြောတတ်တဲ့လူလဲ ၃ယောက်လောက်ပါလို့ ကျောင်းသားကတ်ပြပြီး ဝင်ကြေး တစ်ယောက် ၁၀၀ နဲ့ရခဲ့တာပါ အသေတော့ဂျင်းထည့်လိုက်ရတယ်ပေါ့နော် ရောက်လို့ ထိုင်းလိုပြောတတ်ရင် tryကြည့် မရရင်တော့ ၂၀၀ပဲပေးလိုက်ပါ
Oria Cafe KhaoYai
IG : @oria_khaoyai
-ဒီကော်ဖီဆိုင်ကျ ကိုရီးယားဆန်ဆန် K-drama တွေထဲကလို ပုံရိုက်လို့ရတယ် အဝတ်တွေလျော်ကြတာပေါ့ တစ်ဖွဲ့လုံးအဲ့မှာ drinksတွေလဲသောက်လို့ကောင်းတယ် တစ်ခွက်၇၅/၈၅ဘတ်ဝန်းကျင်ပဲ ဆိုင်လေးက တကယ်လှတယ် ပုံလှလှလေးတွေရိုက်ချင်ရင်ဝင်ခဲ့ပါ Google Maps နဲ့အဲ့ဆိုင်သွားတာ လမ်းမှားလို့ တိုင်ပတ်လိုက်သေးတယ်
Bang Tha Chang Spring
-ဒီနေရာကကျ ရေကူးလို့လဲရတယ် လှေလှော်ချင်သပဆို လှေလှော်လို့လဲရတယ် ညနေစောင်းရင်တော့ လှေလှော်လို့မရတော့ဘူး တစ်လှေဘယ်လောက်လဲတော့မသိဘူး ရောက်တဲ့အချိန်က ၅နာရီဝန်းကျင်မို့ ပိတ်သွားလို့ နေရာလေးက စမ်းချောင်းဆိုတော့ နေလို့ကောင်းတယ် အေးအေးလေး ထိုင်းတွေက တော့ ရေတွေချိုး ရေတွေကူးနေကြတာပဲ ရေကတော့ပြာပြာလေး
Khao Yai Nation Park
-ဒီနေရာတော့ မရောက်ဖြစ်ခဲ့ဘူး အချိန်မရလို့ သွားရင်တော့ သေချာ trip plan သွားနော် ဘယ်နေ့ဘယ်နေရာတွေသွားမယ်ဘာညာ ကျွန်တော်တို့ဆို paln ထားတာတောင်အစုံမရောက်လို့ ခေါက်ရိုင်သွားရင်တော့ ဒီနေရာတော့ရောက်သင့်တယ်ထင်လို့ထည့်ပေးထားတာ ဆင်တွေ မျောက်တွေ ရေတံခွန်တွေရှိတယ်ပြောတယ် မရောက်ခဲ့
တစ်ဖွဲ့လုံးက ဘယ်သွားသွား ဘူဖေးတော့စားဖြစ်ကြတယ် ဒီဆိုင် ဘန်ကောက်မှာဖွင့်ရင်ကောင်းမယ် စုံစိနေတာပဲ ဂဏန်းကြီးတွေ ပင်လယ်စာအစုံ ပုဇွန်ဆိုလဲ အရှင်တွေရှိသလို dessert တွေလဲအစုံရှိ side dishလဲစုံတယ် ပေါက်စီ ဆူရှိ ကိတ် အကင်အစုံ အသီးတွေ ရေခဲမုန့် အထောင်းတွေလဲ ထောင်းခိုင်းလို့ရ အကြိုက်ဆုံးက ဒူးရင်းသီးကောက်ညှင်းအုန်းနို့ပဲ အဲ့တာပါရှိတာ တစ်ယောက်ကိုမှ ၃၀၀ဘတ်ဝန်းကျင်ပဲ ဒီဆိုင်နာမည် location သိတာနဲ့ ထပ်ဖြည့်ပေးထားမယ် ရောက်ဖြစ်ရင်စားကြည့် သွားသာစားတာဆိုင်နာမည်လဲမသိ နေရာလဲ သေချာမသိ
Pak Chong Station
-မနက်ဖြန်မနက်ပြန်မယ်ဆို ဒီနေ့ညမှာ Pak Chong Stationကို လတ်မှတ်သွားဝယ်တာပါ တစ်ယောက်ကို ၆၁ဘတ် Rangsit Station အရောက် အပြန်ကနည်းနည်းပိုမြန်သလိုပဲ အိမ်ပြန်ရောက်တာ အိမ်ကိုလဲ တစ်လမ်းလုံးရှူခင်းတွေ ကြည့်ပြီး ခွီရင်းပြန်လာကြတာ ရောက်လို့ရောက်မှန်းတောင်မသိ ၂ညအိပ် ၃ရက်ခရီး low budget trip ဒီတင်ဆုံးပါပြီပေါ့
THANK YOU SO MUCHHHHH
အဆုံးထိ ကြည့်ပေးလို့ ကျေးဇူးပါ နောက်လဲ semester break တိုင်းခရီးတွေ သွားဖြစိမှာမို့ Pageကို like&followလုပ်ပြီး စောင့်ကြည့်ပေးပါဦးလို့
Crd – Gimme a sec ( Facebook Page )
Related Post
မြန်မာနိုင်ငံမှာ Passport ဘယ်လိုလျှောက်ကြမလဲ ?
June 17, 2024 by Shwe Network
Leave a comment