Loading...

ထိုင်းနိုင်ငံရောက်ရင် သင့်ဖုန်းထဲမှာ ထည့်ထားရမယ့် Taxi App တွေ

Thailand, ကား/ဆိုင်ကယ်, အလည်အပတ်

June 18, 2024 by Shwe Network

ထိုင်းနိုင်ငံရောက်ရင် သင့်ဖုန်းထဲမှာ ထည့်ထားရမယ့် Taxi App တွေ

အားလုံးပဲမင်္ဂလာပါခင်ဗျာ…🙏

BahLoLo ရဲ့ ပျိတ်သတ်အမျိုးတွေအတွက် ထိုင်းနိုင်ငံရောက်ပြီဆိုတာနဲ့ ထိုင်းနိုင်ငံအတွင်း သွားတာလာတာမှာ မိမိဖာသာမိမိသွားလို့လာလို့ရအောင် အသုံးပြုများတဲ့ Taxi App လေးတွေကို မျှ‌‌ဝေပေးလိုက်ပါတယ်။ ဒီ App ‌တွေကို မိမိရဲ့ ဖုန်းအတွင်း ထည့်သွင်းထားပြီး အဌားယာဉ်ကို စျေးစကားပြောစရာမလိုပဲ ခေါ်ယူလို့ရပြီ ဖြစ်ပါတယ်။

ဒီApp တွေဟာ ကျွန်တော်တို့ သုံးကြည့်ပြီး သဘောအကျဆုံး ကားဌားApp များသာဖြစ်ပြီး အတော်ကောင်းမွန်ပါတယ်။ ဒီ App လေးတွေရဲ့ တစ်ခုချင်းစီရဲ့ အားသာချက်တွေကို ဖော်ပြပေးလိုက်ပြီး ‌‌Download Link များကိုလည်း မျှ‌‌ဝေပေးလိုက်ပါတယ်ခင်ဗျ။ အားလုံးပဲ သွားလာရေးအဆင်ပြေကြပါစေခင်ဗျာ။

🚕Grab
– စျေးနှုန်းအရ များပါတယ်။ ဒါပေမယ့် ၀န်ဆောင်မှု အလွန်ကောင်းမွန်ပြီး ကားဌားတိုင်းမှာ အာမခံများ ပါ၀င်ပြီးသားဖြစ်ပါတယ်. မိမိကြိုက်တဲ့အချိန်ခေါ်ဆိုနိုင်ပြီး တစုံတရာ မိမိပစ္စည်းကျန်ခဲ့တာများအတွက် ဘာမှစိုးရိမ်စရာမရှိပါဘူး၊ ယာဉ်မောင်းအများစု Englishအနည်းငယ်ရကြပြီး ဆက်သွယ်ပြောဆိုလို့ရပါတယ်။
Android App – https://play.google.com/store/apps/details…
IOS App – https://apps.apple.com/…/grab-taxi-food…/id647268330

🚕InDrive
– စျေးနှုန်း Grab ထက်သက်သာပါတယ်။ ၀န်ဆောင်မှု သင့်တင့်ပြီး အများစုသော ယာဉ်မောင်းများဟာ ကိုယ်ပိုင်ကားပိုင်ရှင်တွေဖြစ်ကြပြီး English အချို့ရကြပါတယ်။ ဒီ App ဟာ Free App ဖြစ်တာမို့ လူတိုင်းစာရင်းသွင်း‌ မောင်းနှင်နိုင်ပါတယ်။ ခရီးသည်များအနေနဲ့ အရင်က စျေးညှိလို့ရပေမယ့် အခုနောက်ပိုင်း App Update မှာ စျေးညှိလို့မရတော့တာတွေ့ရပါတယ်။ ဘာပဲပြောပြော အတော်ကောင်းမွန်တဲ့ App ဖြစ်နေတုန်းပါပဲ. ခရီး‌ဝေးသွားချင်သူများအတွက် စျေးအဆင်ပြေပါသေးတယ်။
Android App – https://play.google.com/store/apps/details…
IOS App – https://apps.apple.com/…/indrive-save-on…/id780125801

🚕Bolt
– သူဟာလည်း Indrive လိုပဲ Free App မို့ ကားပိုင်ရှင်တွေလည်း ‌အသုံးပြုကြပါတယ်။ ဒီApp က ဆိုင်ကယ်ဌားရင် အလွန်သက်သာပါတယ်။ စျေးတော့စစ်လို့မရပါဘူး။ ဒါပေမယ့်သုံးဖူးသမျှထဲမှာ ဒီ App ဟာဆိုင်ကယ်ဌားလို့အကောင်းဆုံးဖြစ်သလို ‌ InDrive စျေးစစ်လို့မရတော့တဲ့နောက်ပိုင်း ဒီ App ကိုပဲ အသုံးများပါတယ်။ ‌ကားကတော့ InDrive လိုပါပဲ စျေးတူပါတယ်..ဆိုင်ကယ်စီးမယ်ဆိုရင်တော့ အပြင်မှာလို ဘာမှစကားပြောပြီးစစ်စရာမလိုတော့ပါဘူး။
Android App – https://play.google.com/store/search?q=bolt&c=apps&hl=en…
IOS App – https://apps.apple.com/…/bolt-request-a-ride/id675033630

✅တက္ကစီ App တွေဟာ အပြင်ကစျေးထက်များကြပြီး အနည်းဆုံး ၂၀-၃၀ ဘတ်ကွာကြပါတယ်။ ဒါပေမယ့် စျေးစကားမပြောရတာ၊ ဘေးကင်းလုံခြုံတာ၊ ဘာသာစကား အခက်အခဲမရှိတာ၊ နေရာမသိတာ၊ အားသာချက်များရှိတာမို့ အချိန်၁၅-၃၀ မိနစ်စောင့်ရတဲ့ အားနည်းချက်ကလွဲပြီး၊ ကျွန်တော်တို့ကတော့ တော်ရုံအပြင်မှာ လက်တားဌားတာမျိုးထက် အမြဲသုံးဖြစ်ပါတယ်။ တခါတလေ ညစ်ပြီးစျေးပိုတောင်းတတ်တဲ့ ကားသမားတွေကြုံရပေမယ့် 90% အများစုကတော့ လက်တားတွေထက်ပိုအဆင်ပြေပါတယ်။

ကဲ အားလုံးပဲ တိုင်းတပါးမှာ အစစအရာရာနှင့် အလုပ်အကိုင်များအဆင်ပြေကြပါစေခင်ဗျား။ ‌နောက်ထပ်စိတ်၀င်စားဖွယ်ရာ အကျိုးပြုအကြောင်းအရာများကို အမျိုးတို့အတွက် တင်ဆက်ပေးသွားမှာမို့ Like & Follow လေးလုပ်ထားကြဖို့လည်း အသိပေးအပ်ပါတယ်ခင်ဗျာ။ အမျိုးတို့အတွက် ၀န်ဆောင်မှုများလိုအပ်တယ်ဆိုရင်လည်း ကျွန်တော်တို့ BahLoLo ကို သတိရကြဖို့အတွက်လည်း ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။ ဘာလိုလိုကနေပြီး သင့်တင့်တဲ့၀န်ဆောင်ခနဲ့အတူ ယုံကြည်စိတ်ချစွာ ၀န်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျား…

crd – Bah Lo Lo

https://www.facebook.com/bahlolo.Thailand


Leave a comment

Your email address will not be published. Required fields are marked *


Related Post