Loading...

ထိုင်းနိုင်ငံကို ပညာတော်သင်သွားဖို့ဆိုရင် – Part 1

Thailand, ပညာရေး

June 22, 2024 by Shwe Network

ထိုင်းနိုင်ငံကို ပညာတော်သင်သွားဖို့ဆိုရင် – Part 1

မကြာသေးခင်က 🎓Grade – 12 ဖြေဆိုအောင်မြင်ပြီးတဲ့ ကလေးတွေအတွက်ရော (သို့) 🇹🇭 ထိုင်းနိုင်ငံကို ပညာတော်သင်သွားဖို့အတွက် အခုမှ စပြင်နေတဲ့ ကလေးတွေအတွက် ရည်ရွယ်ပြီး ဒီ Information လေးကို မျှဝေပေးလိုက်ပါတယ်နော်။ 📣📣

🇹🇭ထိုင်းနိုင်ငံရဲ့ကျောင်းအများစုက July, August မှာ ဖွင့်လေ့ရှိပြီး လောလောဆယ်တော့ 🏆Scholarships, Application Form တွေ အကုန်ပိတ်သွားပေမယ့် နောက်နှစ်အတွက် ကြိုတင်ပြင်ဆင်ထားလို့ရအောင် တင်ပေးလိုက်ပါတယ်နော်။ ‼️

🔰Disclaimer : Admin ကိုယ်တိုင် ထိုင်းနိုင်ငံမှာကျောင်းတက်ဖို့ ပြင်ဆင်နေသူတစ်ယောက်ဖြစ်လို့ ဒီ Content လေးကို ကိုယ်ပိုင် Experience အပေါ်အခြေခံပြီး ရေးပေးလိုက်ပါတယ်နော်။ ဒါကြောင့် လိုအပ်နေတာလေးတွေရှ်ိရင် ထောက်ပြပေးနိုင်ပါတယ်ရှင့်။

🔰မေး။ 🇹🇭ထိုင်းနိုင်ငံရဲ့ တက္ကသိုလ်တွေကို မြန်မာ (၁၀) တန်းနဲ့ လျှောက်လို့ရလား ?

➡️ဖြေ။ ထိုင်းနိုင်ငံမှာ Public Universities နဲ့ Private Universities တွေဆိုပြီး ၂ မျိုးရှိပြီး မြန်မာ (၁၀) တန်းကို ထိုင်းနိုင်ငံရဲ့ Private Universities တွေဖြစ်တဲ့ Bangkok University, Rangsit University အစရှိတဲ့ တက္ကသိုလ်တွေကတော့ လက်ခံပေးပါတယ်နော်။

ထိုင်းနိုင်ငံရဲ့ Public Universities တွေကို လျှောက်ချင်တယ်ဆိုရင်တော့ အနိမ့်ဆုံးအဆင့် University 1st Year Join ဖူးသူ (သို့) အမေရိကန် (၁၂) တန်းပညာရေးစနစ်နဲ့ ညီမျှတဲ့ GED ကို ဖြေဆိုအောင်မြင်ထားဖို့ လိုအပ်ပါတယ်။

🔰မေး။ ထိုင်းနိုင်ငံရဲ့ တက္ကသိုလ်တွေက Scholarships (ပညာသင်ထောက်ပံ့ကြေး) ပေးလေ့ရှိလား ?

➡️ဖြေ။ Scholarships လို့ပြောတဲ့အခါ University ကပေးတဲ့ Scholarships နဲ့ Third Party Organizations ကပေးတဲ့ Scholarships ဆိုပြီး ၂ မျိုးခွဲရမှာဖြစ်ပါတယ်နော်။ ဒီမှာတော့ University ကပေးတဲ့ Scholarships တွေကို အရင်ပြောပေးသွားမှာဖြစ်ပါတယ်။ Postgraduate Scholarships တွေကတော့ အများကြီးရှိတဲ့အတွက်ကြောင့် Undergraduate Scholarships အတွက် ပြောပြပေးသွားမှာဖြစ်ပါတယ်နော်။ 🌟

🏆ထိုင်းနိုင်ငံရဲ့ တက္ကသိုလ်အသီးသီးကနေ University Scholarships ထောက်ပံ့ပေးလျက်ရှိပါတယ်နော်။

🏛️Private Universities တွေမှာဆိုရင် Bangkok University ကပေးတဲ့ Global Bright Scholarship, Rangsit University ကပေးတဲ့ Tuition Fee 50% Scholarship, UTCC ISM Scholarship တို့က နာမည်ကြီးပါတယ်။

✅Global Bright Scholarship

https://www.bu.ac.th/en/scholarship

✅Rangsit University

https://www.rsuip.org/admissions/scholarships

✅UTCC ISM Scholarships

https://ism.utcc.ac.th/scholarships

🏆Public Universities တွေမှာဆိုရင် Up to 100% အထိ Tuition Fee Scholarships ပေးလေ့ရှိပါတယ်။

တကယ်လို့ ကိုယ့်ဆီမှာ GED ရှိပြီးသားဆိုရင် ထိုင်းနိုင်ငံရဲ့ Top Univerisites တစ်ခုဖြစ်တဲ့ ✅Thammasat University ကပေးတဲ့ Scholarships ကို လျှောက်သင့်ပါတယ်နော်။ ဘာလို့လဲဆိုတော့ Scholarship Type A, B, C, D, E ဆိုပြီး ပေးလေ့ရှိပြီး Scholarship Type A ဆိုရင် Full Tuition Fees Waiver + Monthly Stipend 8,000 Baht အထိ ပညာသင်ဆုရရှိနိုင်မှာဖြစ်ပါတယ်။ 🌟‼️

✅For details : https://myanmarstudyabroad.org/thammasat-university…/

✅Engineering ပိုင်းတက်ရောက်ချင်သူများအတွက် 👷‍♀️

King Mongkut’s University of Technology Thonburi (KMUTT), KMITL, KMUTNB တို့က ပေးအပ်ချီးမြှင့်တဲ့ Up to 100% Tuition Fee Scholarship ကို လျှောက်ထားစေချင်ပါတယ်နော်။ ‼️ လက်ရှိ မြန်မာကျောင်းသားတော်တော်များများလည်းရရှိထားတဲ့ ပညာသင်ဆုဖြစ်ပါတယ်။ 👷‍♀️ Engineering ပိုင်းတင်မကဘဲ Business ပိုင်းကသူတွေအတွက်လည်း လျှောက်ထားလို့ရပါတယ်နော်။

KMUTT ကနေ Cambodia, Laos, Myanmar, Vietnam နိုင်ငံတို့အတွက် ချီးမြှင့်တဲ့ Tuition Fee + Living Expenses စတဲ့ Fully Funded Scholarship တစ်ခုဖြစ်တဲ့ Multi-intellectual Scholarship (MIS) လည်းရှိပါတယ်နော်။

✅KMITL : https://www.kmitl.ac.th/

✅KMUTT : https://www.kmutt.ac.th/en/education/scholarships/

✅KMUTNB : https://www.kmutnb.ac.th/?lang=en-gb

📌အေးချမ်းလှတဲ့ သဘာဝအလှနဲ့ ရာသီဉတုရှိတဲ့ ချင်းမိုင်မြို့မှာ ကျောင်းတက်ချင်တယ်ဆိုရင်တော့ Chiang Mai University ကပေးတဲ့ Scholarships တွေလည်းရှိပါတယ်။

✅Bachelor of arts in Thai Language as foreign language အတွက်ပေးတဲ့ Undergraduate Scholarships ဖြစ်ပါတယ်။

https://form.jotform.com/223311436399457

✅နောက်ထပ် လတ်တလောကမှ ခေတ်စားလာတဲ့ Kasetsart University Sriracha Campus ကပေးတဲ့ ASEAN Scholarship လည်းရှိပါတယ်။

(Tuition Fee + Living Expenses ကိုပါ ပေးသွားမှာဖြစ်ပါတယ်။)

https://admissions.src.ku.ac.th/Scholarships

🔰မေး။ ထိုင်းနိုင်ငံမှာကျောင်းတက်ဖို့ English Proficiency Tests လိုအပ်သလား ? ဘာတွေပြင်ဆင်ထားဖို့ လိုပါသလဲ ?

➡️ထိုင်းကျောင်းတွေက အခုလတ်တလောမှာ အကုန်ပြိုင်လျှောက်နေတဲ့အတွက်ကြောင့် ကိုယ်က မြန်မာ (၁၀) တန်းမှာအမှတ်ကောင်းထားတယ်၊ University 1st Year မှာလည်း အမှတ်ကောင်းထားတယ်ဆိုရင်တော့ GED ထပ်ပြင်စရာမလိုပါဘူးနော်။ ‼️

မဟုတ်ဘူးဆိုရင် GED ပြင်ထားတာပိုကောင်းပါတယ်နော်။ ဒါ့အပြင် ကိုယ်က Mahidol, Chulalongkorn University အစရှိတဲ့ တက္ကသိုလ်တွေကို လျှောက်ထားချင်တယ်ဆိုရင်တော့ SAT, IELTS တို့ပါ လိုအပ်လာမှာဖြစ်ပါတယ်။ ‼️

English Proficiency Tests အနေနဲ့ တစ်ချို့ကျောင်းတွေက ကျောင်းကစီစဉ်ပေးတဲ့ Tests ကို ဖြေလို့ရသလို ကျောင်းတော်တော်များများက Duolingo Tests ကိုလည်း Accept လုပ်ကြပါတယ်။ အခုအချိန်မှာ IELTS က စျေးကြီးနေတဲ့အတွက်ကြောင့် အစားထိုးအနေနဲ့ Duolingo ဖြေလို့လည်းရပါတယ်နော်။ 🌟

✅KMITL, KMUTNB တို့ကို Google မှာ Free ဖြေဆိုလို့ရတဲ့ English Test တစ်မျိုးဖြစ်တဲ့ EF SET Test နဲ့လည်း ဝင်ခွင့်လျှောက်ထားနိုင်ပါသေးတယ်။ (ဘာကြောင့်လဲဆိုတော့ English Score က Optional ဖြစ်တဲ့အပြင် Engineering Major တွေအတွက် Math Score, Portfolio ကို အဓိက ကြည့်တဲ့အတွက်ကြောင့်ပါ။

✅ဒီ Scores ရမှတ်တွေအပြင် လိုအပ်တဲ့ Documents တွေဖြစ်တဲ့ ၁၀ တန်းအောင်လက်မှတ်၊ University Transcripts, Portfolio, Recommendation Letter အနည်းဆုံး (၂) စောင်တို့ကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်နော်။

(လိုအပ်တဲ့ Documents တွေပြင်ဆင်ပုံကိုလည်း နောက်ရက်တွေမှာ ထပ်ပြောပြပေးသွားပါမယ်။)

https://www.efset.org

နောက်ထပ် Part 2 လေးမှာတော့ Third Party Organization ကပေးတဲ့ Scholarships အကြောင်းတွေ၊ Student Loan ရယူနိုင်မယ့်အကြောင်းလေးတွေကို ပြောပြပေးသွားမှာဖြစ်လို့ Page လေးကို စောင့်ကြည့်ပေးပါဦးနော်။ 🔔

#KeaAcademy

https://www.facebook.com/share/p/HDHiXkK59Pm2vBx3


Leave a comment

Your email address will not be published. Required fields are marked *


Related Post