Thailand (Chiang Mai) မှာ Driving licence ဘယ်လိုလုပ်မလဲ???
Thailand, ကား/ဆိုင်ကယ်June 23, 2024 by Shwe Network
မှတ်ချက်-(မြန်မာလိုင်စင်ရှိပြီးသားသူများအတွက်သာ)
အရမ်းလွယ်ပါတယ် (ကိုယ့်မြန်မာလိုင်စင်မှာ ဆိုင်ကယ်ရော-ကားရောပါတယ်ဆို Thai ဆိုင်ကယ်လိုင်စင်ရော ကားလိုင်စင်ရောနှစ်ခုစလုံးတန်းရပါတယ် ဘာမှဖြေဖို့မလိုပါ ၊ကားတစ်ခုထဲပါတာဆိုရင်တော့ ကားပဲရပါမယ် ဆိုင်ကယ်ကဖြေရပါတယ်)
ကိုယ်တိုင်လုပ်ခဲ့တဲ့အတွေ့အကြုံလေး မျှဝေချင်ပါတယ်
တကယ်လိုင်စင်ရုံးကိုသွားရတာကတစ်ရက်ထဲပဲသွားပြီးlicenceရခဲ့ပါတယ်
Thai Immigration မှာထောက်ခံစာယူရတာကတစ်ရက်ကြာလို့ ပေါင်းနှစ်ရက်နဲ့licence ရပါပြီ
လိုအပ်တာတွေကတော့/
1.Thai Immigrationထောက်ခံစာ(ဒီလူဟာဒီမှာနေပါ
ဆိုတဲ့နေထိုင်ကြောင်းထောက်ခံစာပါ)
2.Medical certificate(ကျန်းမာရေးထောက်ခံစာ)
3.မြန်မာနိုင်ငံယာဥ်မောင်းလိုင်စင်
4. TM 30
5.Passportမူရင်း ( visa က ရက်30ကျန်ရပါမယ်)
ဒီ5ခုလုံးကို copy ဆွဲရသလို မူရင်းလဲ ပြရပါတယ်ဗျ
ပထမဆုံး Immigration ထောက်ခံစာယူဖို့ airport အရှေ့က Chiang Mai Immigration Office ကိုသွားရပါမယ် (Google Mapမှာရှာရလွယ်ပါတယ်)
immigration ထောက်ခံစာယူဖို့လိုအပ်တာတွေကတော့
1. TM30 Copy တစ်ရွက်
2. Passport ရှေ့စာမျက်နှာCopy တစ်ရွက်
3. Visa တုံးထုထားတဲ့မျက်နှာCopy တစ်ရွက်
4.ဓာတ်ပုံတစ်ပုံ (Visa လျှောက်တုန်းကလိုဓာတ်ပုံ size
တစ်ပုံ နောက်ခံအပြာ(သို့)အဖြူ)
5.မြန်မာလိုင်စင်(copy ဆွဲရန်မလို)မူရင်းပြ
6.Passport မူရင်း
ကျွန်တော်ကတော့ Thai ဘက်ရောက်ပြီးအိမ်ငှားပြီးတယ်ဆို အိမ်ရှင်က TM30 လုပ်ပေးပါတယ် (အိမ်ငှားပြီးတာနဲ့အိမ်ရှင်ကိုလုပ်ခိုင်းလို့ ရပါတယ်)
ဒီ6ခုစုံရင် immigrationထောက်ခံစာယူဖို့ ChaingMai Immigration Office ကိုသွားပါ ဒုတိယထပ်ကိုသွားရပါတယ် ရုံးကိုအတွင်းပိုင်းဝင်ပေါက်ကနေညာဘက်ကိုလှမ်းကြည့်လိုက်ရင်မှန်တံခါးရှိပါတယ် အဲ့နေရာကနေအပေါ်ထပ်တက်လို့ရသလိုရုံးအပြင်ဘက်ညာဘက်ကနေလမ်းလျှောက်သွားရင်မှန်တံခါးတစ်ခုရှိပါတယ်အဲ့ကနေလဲအပေါ်တက်လို့ရပါတယ် လှေကားတက်တက်ခြင်းထောင့်ချိုးလေးမှာကောင်တာရှိပါတယ် အဲ့ကောင်တာမှာ ခုန အဆင်သင့်လုပ်ထားတဲ့ (TM30 Copy၊passportရှေ့မျက်နှာ Copy ၊ passport visa နေရာ Copy ၊ ဓာတ်ပုံတစ်ပုံ နောက်ခံအပြာ(သို့)အဖြူ၊မြန်မာလိုင်စင်မူရင်း၊ passport မူရင်း ) အဲ့တာတွေကိုအဲ့လှေကားထောင့်ချိုးလေးကကောင်တာမှာထပ်ပါ မြန်မာလိုင်စင်နဲ့ passport က မပေးခဲ့ရပါဘူးပြပဲပြရတာပါ Copyစာရွက်လေး3ရွက်နဲ့ ဓာတ်ပုံတစ်ပုံပဲပေးခဲ့ရတာပါ (အရေးကြီးတာက အဲ့စာရွက်တွေထပ်တဲ့အချိန်မှာ Passportကြားထဲ 500 B ညှပ်ပေးဖို့ပါပဲ နောက်မှ ပေးရင်သူတို့ကရစ်ချင်ပါတယ် တချို့ဆို ရက်သုံးဆယ်မှရမယ်ဘာညာဆိုပြီးပြောပါတယ် အဲ့တော့ တစ်ခါထဲ စာရွက်ထပ်ထဲက 500Bညှပ်ပေးလိုက်ပါ) (ကိုယ်ကရက်30လောက်စောင့်နိုင်တယ် သူတို့ပြန်ချိန်းတဲ့ရက်ရလဲ အဆင်ပြေတယ်ဆို အပိုအကုန်မခံပါနဲ့ 60B ပဲကုန်ပါမယ် မစောင့်ချင်ဘူး ဒီနေ့တင်မနက်ဖြန်လိုချင်တယ်ဆိုရင်တော့ 500 B သာပေးလိုက်ပါ) စာရွက်ထပ်ပြီးတာနဲ့ မြန်မာလိုင်စင်ရယ်passpotရယ် နောက်နေ့Immigration ထောက်ခံစာလာပြန်ထုတ်ဖို့ ရက်ချိန်းစာရွက်လေးပေးပါတယ်
ဒုတိယနေ့-
ဒုတိယနေ့မနက် ထောက်ခံစာယူဖို့အဲ့ရုံးကိုပဲ 8:30အရောက်သွားပါ အဲ့တာမှ လိုင်စင်ရုံးမှာအချိန်မှီအောင်လို့ပါ 8:30ရောက်တာနဲ့ ပထမနေ့ကထပ်ခဲ့တဲ့ကောင်တာမှာတန်းစီပြီး သူတို့ပေးလိုက်တဲ့စာရွက်လေးပြန်ပေးလိုက်ပါ Immigration ထောက်ခံစာပြန်ပေးပါလိမ့်မယ် အဲ့တာရပြီဆို လိုင်စင်ရုံးကိုသွားပါ(Chaingmai Provincial Land Transport Office 2 )
လိုင်စင်ရုံးသွားဖို့လိုအပ်တာတွေ့က/
1.Passport ရှေ့မျက်နှာ Copy နှစ်ရွက်
2.Visa နေရာ Copy နှစ်ရွက်
3.Medical Certificate(ကျန်းမာရေးထောက်ခံစာ)
ကျန်းမာရေးထောက်ခံစာကမူ
ရင်းရောပေးရတာမို့copyတစ်
ရွက် ဆိုရပြီ
4.Immigration ထောက်ခံစာ(immigration ထောက်ခံ
စာလဲတူတူပဲမူရင်ရော
ပေးရလို့copyတစ်ရွက်
5.မြန်မာလိုင်စင် မူရင်းနဲ့ copyနှစ်ရွက်
ဒါတွေက မူရင်းရော copy တွေလိုပါမယ်
Copy က လိုင်စင်ရုံးမှာဆွဲလို့ရပါတယ်
ကျန်းမာရေးထောက်ခံစာက လိုင်စင်ရုံးနားက [Health Care Medical Clinic (HCMC) ] Google Mapမှာရှာကြည့်ပါ လိုင်စင်ရုံးနဲ့နီးပါတယ် အဲ့မှာယူလို့ရပါတယ် Certificate For Driving Licenceလို့ပြောလိုက်ရင်သိပါတယ် တစ်ယောက်ကို 100B ပေးရပါတယ်သွေးပေါင်ချိန်တာ သူတို့မေးစရာရှိတာတေလုပ်ပေးပါတယ် ပြီးရင် ကိုယ်နေနေတဲ့လိပ်စာပြောပေးရပါတယ် ပြီးရင်ကျန်မာရေးထောက်ခံစာရပါပြီ လူများတာတောင်အရမ်းကြီးမစောင့်ရပါဘူး လိုင်စင်ရုံးနဲ့လဲနီးပါတယ်
လိုင်စင်ရုံးရောက်လို့ရုံးထဲဝင်ပြီးရင် ဝင်ပေါက်နဲ့မလှမ်းမကမ်းဘယ်ဘက်မှာ လှေကားရှိပါတယ် အဲ့ကနေဒုတိယထပ်ကိုတက်ပါ ဒုတိယထပ်ကိုရောက်ရောက်ချင်းလှေကားဆုံးတာနဲ့ဘယ်ဘက်ကိုဆုံးအောင်လျှောက်သွားလိုက်ပါခုံတေအကုန်လုံးရဲ့ထောင့်လေးမှာ Copyကောင်တာရှိပါတယ် အဲ့မှာကိုယ်လိုအပ်တာတွေကိုအပေါ်မှာပြောခဲ့သလိုCopy ဆွဲပါပြီးလျင် ကိုယ်မြန်မာကားလိုင်စင်မှာ ဆိုင်ကယ်ပါတယ်ဆိုရင် ဆွဲထားတဲ့copyတွေကို နှစ်အုပ်ခွဲပါ passport ရှေ့မျက်နှာတစ်အုပ်ကိုCopyတစ်ရွက် ၊Visa နေရာတစ်အုပ်ကိုCopyတစ်ရွက်၊ကျန်းမာရေးထောက်ခံစာက တစ်အုပ်ကမူရင်းတစ်ရွက် နောက်တစ်အုပ်က copy၊ Immigration ထောက်ခံစာလဲတူတူပဲမူရင်းရောပေးရတာမို့ တစ်အုပ်ကို မူရင်းထည့် တစ်အုပ်ကိုCopyတစ်ရွက်ထည့်၊မြန်မာကားလိုင်စင် တစ်အုပ်ကိုCopyတစ်ရွက် အဲ့လို ကိုယ်ဆွဲထားတဲ့Copyတွေကို နှစ်အုပ်ခွဲပြီးရင် Copyကောင်တာမှာ စာအုပ်ညှပ်တဲ့ ကလစ် ရှိပါတယ်ယူသုံးရပါတယ်အဲ့တာနဲ့ ညှပ်ပြီးတစ်အုပ်စီစာရွက်တွေမလွင့်အောင်ညှပ်လိုက်ပါ ပြီးရင် ကိုယ်ခွဲထားတဲ့Copyနှစ်အုပ်စလုံးကို ကျန်းမာရေးထောက်ခံစာ စာရွက်ကလွဲပြီး ကျန်တာတွေကိုညာဘက်အောက်ထောင့်မှာ နာမည်ရေးပြီးလက်မှတ်ထိုးလိုက်ပါပြီးသွားပြီဆိုရင် အဲ့copyနှစ်အုပ်အပေါ်မာ passport မူရင်းရယ်မြန်မာလိုင်စင်ရယ်တင်ပြီး Counter27 ကိုသွားပါ အဲ့မှာထပ်လိုက်ပါ ဆိုင်ကယ်ရောကားရောလုပ်မှာဆိုရင်ဆိုင်ကယ်ရော ကာရောလုပ်မှာလို့ ကောင်တာကလူကိုတစ်ခါထဲပြောပါ ကိုယ်က e-learning training ကြည့်ထားတဲ့ QR ရှိရင်အဲ့တာပြလိုက်ပါ အဲ့တာပြပြီးရင်စာရွက်မာဝိုင်းပေးပြီးတော့ နေ့လည်1နာရီပြန်လာဖို့ချိန်းပါလိမ့်မယ် တစ်ချို့ကိုစာရွက်တွေပြန်ပေးပြီးနေ့လည်1နာရီပြန်လာဖို့ချိန်းပြီး တစ်ချို့ကိုတော့ ကိုယ်ထပ်လိုက်တာတွေယူထားလိုက်ပြီး နေ့လည်1နာရီပြန်လာဖို့ချိန်းပါတယ် ကို့ passportတွေလိုင်စင်တွေယူထားလိုက်လို့စိတ်မပူပါနဲ့ သူတို့ကတစ်နေ့နဲ့တစ်နေ့လုပ်တာကပုံစံမတူလို့ပါ တစ်ချို့ကိုပြန်ပေးတယ်တစ်ချို့ကိုယူထားပြီးနေ့လည်တစ်နာရီပြန်ချိန်းပါတယ်
E – learning training ဆိုတာ online ကနေကြည့်ရတဲ့ယာဥ်စည်းကမ်းလမ်းစည်းကမ်းVideo ပါ အဲ့websiteထဲကိုဝင်ပြီး passport ဆိုတာကိုရွေးပြီးကိုယ့်နံပတ်တွေထည့်ပါ ပြီးရင် အောက်နားလေးမာUser name ထုတ်ပေးပါတယ်အဲ့usernameနဲ့မှ ဝင်ပြီးVideoကြည့်လို့ရတာပါ video4ပုဒ်ကြည့်ရပါတယ် 4ပုဒ်ကို1နာရီကြာပါတယ် Videoတစ်ပုဒ်မှာမေးခွန်းတစ်ခုပါပါတယ်အဲ့တာလေးတွေဖြေပေးမှ videoကဆက်သွားပါတယ် အဲ့4ပုဒ်လုံးကြည့်ပြီးရင် QRပုံလေးထွက်လာပါတယ် အဲ့ QRကို SSရိုက်ထားပြီး counter27 Foreigner ဆိုတဲ့ကောင်တာမှာ ခုနစာရွက်တွေထပ်ရင်ပြရတာပါ မပြရင်လဲကြည့်ပြီးပြီလားမေးပါတယ် ကြိုကြည့်သွားလိုက်ကြပါ ရုံးမှာလူများရင်အခန်းထဲသွားမကြည့်ရပါဘူး အဲ့Online ကိုပဲကိုယ့်ပါသာပြန်ကြည့်ခိုင်းပါတယ် E – learning training websiteကို comment မှာထည့်ထားပေးပါမယ်
ကိုယ့်စာရွက်တွေထပ်ထားပြီး 1နာရီပြန်ချိန်းလို့ အချိန်တွေပိုနေရင်လိုင်စင်ရုံးရဲ့ဘေးမာ Big C ရှိပါတယ် 3မိနစ်လောက်ပဲလမ်းလျှောက်ရပါတယ်
နေ့လည်1နာရီထိုးလို့လိုင်စင်ရုံးထဲပြန်ရောက်ရင် စာရွက်တွေပြန်ပေးလိုက်တဲ့လူတွေက အဲ့ကောင်တာ 27 Foreigner ကိုပဲသွားပြီးပြန်ထပ်ပါ ပြီးရင်ခနထိုင်စောင့်ပါ ကိုယ့်နာမည်နဲ့ passport ထောင်ပြပြီးခေါ်ပါလိမ့်မယ် အဲ့ကောင်တာမှာ ဝါစိမ်းနီကြည့်ခိုင်းပါတယ်ပြီးရင်စာရွက်တွေနဲ့ နံပါတ်ကဒ်လေးထုတ်ပေးပါလိမ့်မယ်
စာရွက်ယူထားလိုက်တဲ့သူတွေက အဲ့ကောင်တာ27
Foreigner ကိုပဲသွားပြီး ကိုယ့်အလှည့်ရောက်ပြီလားမေးပါ ဝါစိမ်းနီကြည့်ခိုင်းပြီး နံပါတ်ကဒ်လေးပေးပါလိမ့်မယ်
27 Foreignerအဲ့ကောင်တာက ကိုယ့်စာရွက်စာတမ်းတွေနဲ့ နံပါတ်ကဒ်လေးပေးပါတယ် ပြန်ပေးလိုက်တဲ့စာရွက်တွေမှာလဲဘယ်နေရာမှာလက်မှတ်ထိုးဆိုပြီး ပြောပြလိုက်ပါတယ် လက်မှတ်ထိုးရမဲ့နေရာထိုးပြီး နံပါတ်ကဒ်ထဲကကိုယ့်နံပါတ်ကိုစောင့်ပါ TVမာလဲပြသလို အသံနဲ့လဲအော်ပါတယ် ကိုယ့်နံပါတ် TVမှာပေါ်ရင် ကို့နံပါတ်ရဲ့ဘေးမှာကိုယ်သွားရမဲ့ ကောင်တာနံပါတ် ပါပြပါတယ် ကိုယ့်အလှည့်ကျကိုယ့်နံပါတ်အတိုင်းကျတဲ့ကောင်တာသွားပါ အဲ့ကောင်တာကိုခုနပြန်ထုတ်လာတဲ့စာရွက်တွေပေးပါ ပြီးရင်သူကလက်မှတ်ထိုးခိုင်းပါလိမ့်မယ်ပြီးရင် အဲ့ကောင်တာမှာပဲ ဆိုင်ကယ်အတွက် 105 B ကားအတွက် 205B 310 ဘBကို အဲ့ကောင်တာမှာပဲငွေသွင်းရပါတယ် ငွေသွင်းပြီးစာရွက်တချို့ပြန်ထုတ်ပေးပါတယ်
အဲ့စာရွက်တွေယူပြီး အဲ့ကောင်တာနောက်ကြောဘက်မှာ ဓာတ်ပုံရိုက်တဲ့နေရာရှိပါတယ်၀င်သွားပြီးလူရှိရင်တန်းစီပြီးကိုယ့်အလှည့်ကျခုနစာရွက်လေးတွေပေးလိုက်ပါ အဲ့ဓာတ်ပုံကောင်တာမှာ မြန်မာလိုင်စင်ပေးစရာမလိုပါ passportပေးစရာမလို့ပါ သိမ်းထားလို့ရပါပြီ ခုနကောင်တာကစာရွက်လေးတွေပေးပြီးဓာတ်ပုံရိုက်ရုံပါပဲ ရိုက်ပြီးရင်ဘေးကခုံလေးမှာခနထိုင်စောင့်ပါ ပြီးရင်ဓာတ်ပုံရိုက်တဲ့လူကြီးက ပဲ ကိုယ့်Thai လိုင်စင်ထုတ်ပေးပါလိမ့်မယ် ဆိုင်ကယ်နဲ့ ကာလိုင်စင်နှစ်ကဒ်ပါ
ကဲအဲ့တာဆိုလိုင်စင်ရပါပြီ အပျော်လွန်ပြီးအတင်းမပြန်ပါနဲ့ ကိုယ့်အသက်ထက်အရေးကြီးတဲ့ passport တေ မြန်မာလိုင်စင်တွေ မေ့မကျန်ခဲ့အောင်ပြန်စစ်ပါ စာအရှည်ကြီး ကိုဆုံးအောင်ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် အားလုံးငွေကုန်ကြေးကျနည်းပြီး လွယ်လွယ်ကူကူနဲ့အဆင်ပြေကြပါစေဗျာ ကိုယ်တိုင်အတွေ့အကြုံကိုမျှဝေခြင်းဖြစ်ပါတယ်………..
Related Post
မြန်မာနိုင်ငံမှာ Passport ဘယ်လိုလျှောက်ကြမလဲ ?
June 17, 2024 by Shwe Network
Leave a comment