Loading...

TM 30 ဆိုတာ ဘာလဲ ?

Thailand, စာရွက်စာတမ်းများ

April 28, 2024 by Shwe Network

TM 30 ဆိုတာ ဘာလဲ ?

သူများတွေပြောပြောနေကျ TM 30 TM 30 နဲ့ တကယ်တမ်းမှာ ဘယ်လိုအဓိပ္ပါယ်ရလဲ ဘယ်နေရာတွေမှာအသုံးဝင်လဲ ဒီနေ့မှာ ပြောပြပေးသွားပါမယ်နော်။

ထိုင်းကို ၁၄ ရက်ဗီဇာနဲ့ လာတဲ့သူတိုင်း မဖြစ်မနေသိထားသင့်တဲ့ TM 30 ဆိုတာ မြန်မာစကားနဲ့ဆိုရင် ဧည့်စာရင်းတိုင်ရတာပါ။

ဟိုတယ်မှာပဲတည်းတည်း၊ အသိအိမ်မှာ အိမ်ငှားတည်းတာပဲဖြစ်ဖြစ် မိမိနာမည်နဲ့ ဧည့်စာရင်းတိုင်လို့ရပါတယ်။

အကယ်လို့ သင်ဟာ ၁၄ ရက်ပြည့်သွားလို့ ထိုင်းမှာဆက်နေချင်တယ်ဆိုရင်တော့ TM 30 တိုင်လို့ရတဲ့ ဟိုတယ်၊ အိမ်ခန်းမှာပဲ တည်းဖို့ အကြံပေးချင်ပါတယ်။

ဘာလို့လဲဆို တချို့ဗီဇာတွေလျှောက်တဲ့အခါမှာ TM 30 စာရွက်ကို တောင်းတတ်လို့ပါ။ Walk-in လျှောက်လျှောက် E ပဲ လျှောက်လျှောက် မရှိမဖြစ် ကိုင်ထားသင့်ပါတယ်နော်။

အိမ်ရှင် သို့မဟုတ် ဟိုတယ်ဆီက မတောင်းထားလို့ရှိရင် မိမိဘာသာ TM 30 လုပ်တဲ့အခါ မြို့အလိုက် ဘတ် 250 လောက်ကနေ စတင်ကုန်ကျနိုင်ပါတယ်။


Comments

Phyo Hein
Phyo Hein
11:42 pm - June 14, 2024
ဟုတ်ပါတယ်

Leave a comment

Your email address will not be published. Required fields are marked *


Related Post